ချင်းပိဿာချိန်ပေါင်းတစ်သိန်းခွဲခန့် အရောင်းအဝယ်ဖြစ်

Wed, 06/08/2016 - 08:10 -- admin_ygn

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိက ထွက်ကုန် ဖြစ်တဲ့ ချင်းကပြည်ပ ဝယ်လက် မရှိခဲ့တာ နှစ်နှစ်၊ သုံးနှစ် ရှိခဲ့ပါပြီ။ ပြည်တွင်းသုံး ဝယ်လက်တွေသာ  ရှိတာကြောင့် ဖြုန်းအားကလည်း သိပ်မကောင်းပါဘူး။ ယခင်ပြည်ပဝယ် လက်တွေရှိစဉ်ကတော့ တစ်ပတ်ကို ပိဿာချိန်လေးသိန်း၊ ငါးသိန်းအထိ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေ မှာတော့ တစ်ပတ်ကို ပိဿာချိန် အများဆုံးမှတစ်သိန်း၊ တစ်သိန်း ခွဲခန့်သာရှိပါတော့တယ်။ အိမ်နီးချင်းနိုင်ငံေ တွက မြန်မာ့ချင်းတွေကိုမျိုးအဖြစ် ဝယ်ယူပြီးကတည်းက ရှမ်းချင်းလည်း ပြည်ပဝယ်လက် ဝယ်ယူမှု နည်းသွားပါတယ်။ ဒီဘက်နှစ်တွေ မှာ ဝယ်ယူမှုမရှိသလောက်ဖြစ်သွားတယ် လို့ လည်း ဒေသခံတွေ ထံမှ သိရှိရပါတယ်။ ဒီတစ် ပတ်တော့ အောင်ပန်းဈေးကွက်မှာ ချင်းအဝင် နည်းနေပါတယ်။ မိုးကလည်း ရွာလာ ပြီ ဆိုတော့ စိုက်ဖို့ပြင်ဆင်ထား တဲ့တောင်သူတွေကလည်း စိုက်နေကြပြီဖြစ်လို့ ဈေးကွက်မှာ အဝင်နည်းလာ တာလို့လည်း သိရပါတယ်။ ဓားလှီး ချင်းတွေအတွက် တပ်ကုန်းကအဝယ်ရှိနေသလို၊ လှောင်ဖို့အတွက် ရန်ကုန်၊ စစ်တွေ၊ ပြည်ကဝယ်ယူနေလို့ တစ်ပတ်အတွင်း  ချင်းပိဿာချိန်ပေါင်း  တစ်သိန်းခွဲခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ဒီတစ်ပတ်ချင်း(စို) တစ်ပိဿာပေါက်ေ ဈးက အနိမ့် ဆုံး ကျပ် ၅၀၀ မှ အမြင့်ဆုံး ကျပ် ၆၀၀ ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ကျပ် ၁၆၀၀ ဈေးရှိပါတယ်။
 

 

ဧဧခိုင်(တောင်ကြီး)

Border Trade News

Pages