ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ တင်သွင်းမှုကျဆင်း

Thu, 08/31/2017 - 08:16 -- admin_ygn

       ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၈၀၉ စီးကို တင်သွင်းခဲ့ ပါတယ်။ယခင်တစ်ပတ်က ၁၀၇၃၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၉၂၆ စီးလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ   တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်အနည်းငယ်သာ တင်သွင်းမှု ပိုမိုခဲ့ပေမယ့် အခြားကုန်သွယ်ရေး စခန်းများမှ တင်သွင်းမှုကျဆင်းခဲ့ တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။
        စခန်းအလိုက် တင်သွင်းမှုကိုကြည့်ပါက  မူဆယ် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၈၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၆၅၆၈ စီး၊ ကန်ပိုက်တီကုန်သွယ် ရေးစခန်းမှအမေရိကန်ဒေါ်လာ သုညဒသမ ၀၁၅ သန်း တန်ဖိုးရှိ ဆိုင်ကယ်အစီး ၆၀ ၊ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄၂ သန်း တန်ဖိုးရှိ ဆိုင် ကယ် ၁၁၆၆ စီး၊တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၅ စီးတို့ကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages