ပြည်နေခွင့် သက်တမ်း တိုးမြှင့်ရန်နှင့် အကြိမ်ကြိမ်ပြည် ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ

ပြည်နေခွင့် သက်တမ်း တိုးမြှင့်ရန်နှင့် အကြိမ်ကြိမ်ပြည် ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ

(က)    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများ အတွက် မြန်မာနိုင်ငံသို့ ခေတ္တ လာရောက်သည့် နိုင်ငံခြားသားများအား ချမှတ်ပြဌာန်း ထားသော မူများနှင့်ကိုက်ညီပါက ပြည်နေခွင့် သက်တမ်း တိုးမြှင့်ရန်နှင့် အကြိမ်ကြိမ်ပြည်ပြန် ဝင်ခွင့် ဗီဇာ သက်တမ်းတိုးခြင်း တို့ကို ထောက်ခံချက်ပေးလျှက်ရှိပါသည်။
(ခ)     ပြည်နေခွင့်သက်တမ်းတိုးရန်အတွက် လက်ရှိကုန်သွယ်မှုပြုလုပ်နေသည့် Trading Company များဖြစ်စေ၊ အဆိုပါကုမ္ပဏီများနှင့် ဆက်စပ် သော လုပ်ငန်းများ မှဖြစ်စေ ကိုက်ညီမှုရှိသည့် နိုင်ငံခြားသား များကိုသာ ထောက်ခံပေး လျှက်ရှိပါသည်။ Service Company များ အတွက် ထောက်ခံချက်မပေးပါ။
(ဂ)    ပြည်နေခွင့်နှင့် အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ဗီဇာသက်တမ်းတိုးခြင်းကို ကုန်သွယ်မှု လုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် နိုင်ငံခြား ကုမ္ပဏီများ၏ Branch Office များတွင် တရားဝင် လာရောက် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် ထောက်ခံ ချက်ပေးပါသည်။
(ဃ)     တာဝန်ယူ လျှောက်ထားပေး သည့် Trading Company အနေဖြင့် နိုင်ငံခြားသားများသည် စက်ရုံ၊ အလုပ်ရုံများနှင့် အခြားစီးပွားရေး လုပ်ငန်းများတွင် အခကြေးငွေဖြင့် ဝင်ရောက်လုပ်ကိုင်နေသူများ မဟုတ်ကြောင်း၊ ကုမ္ပဏီ၏စီးပွားရေး ကိစ္စအတွက်သာ လာရောက် ခြင်းဖြစ်ကြောင်းနှင့် ဗီဇာစည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ နေထိုင် မည်ဖြစ်ကြောင်း ဝန်ခံကတိပြု ရမည်ဖြစ်သည်။
(င)       ဗီဇာသက်တမ်းတိုး ထောက်ခံချက်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
           ၁။    သံရုံးထောက်ခံချက်မူရင်း
           ၂။    နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(သို့) residence /hotel များမှထောက်ခံချက်မူရင်း
           ၃။    မြို့နယ် လ.ဝ.က ထောက်ခံချက် မူရင်း
           ၄။    နိုင်ငံခြားသားရောက်ရှိကြောင်း အစီရင်ခံစာ (Report of Arrival, Form C)မိတ္တူ
           ၅။    C V Form (ဓါတ်ပုံကပ်ပြီး)
           ၆။    ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
           ၇။    Form VI, Form XXVI မိတ္တူ (ပြည်တွင်းကုမ္ပဏီ)၊ Form XVIII (နိုင်ငံခြားကုမ္ပဏီ)
           ၈။    ထ.သ.က မိတ္တူ(ပြည်တွင်းကုမ္ပဏီ)၊ Form of Permit (နိုင်ငံခြားကုမ္ပဏီ)
           ၉။    ကုမ္ပဏီ၏ ကုန်သွယ်မှုအခြေအနေကို ဖော်ပြသည့် “ကုန်သွယ်မှုအခြေပြဇယား” (ပြည်တွင်း ကုမ္ပဏီများအတွက်သာ)
           ၁၀။    Passport မိတ္တူ  (Passport မူရင်းယူလာရန်)
           ၁၁။    ဗီဇာလျှောက်ထားခြင်းကို တာဝန်ယူဆောင်ရွက်မည့် ကိုယ်စားလှယ် အတွက် ကုမ္ပဏီမှ ကိုယ်စားလှယ်လွဲစာ

ဆက်သွယ်ရမည့်လိပ်စာ

-ကုန်သွယ်မှုု မြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး
-အမှတ်(၂၂၄၆၂၄၀)၊ ကန္နားလမ်း ၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို ့