ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့

    ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ ၀၈း၃၀ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီး ဟိုတယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနနှင့် USAID (The United States Agency for International Development) တို့ ပူးပေါင်း၍ “Protecting Consumer Rights in Myanmar: Effectively Implementing on the New Law on Consumer Protection and International Perspectives” ဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ် ပေးရေးကိစ္စရပ်များအတွက် USAID နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ များကို ၂၀၁၅ ခုနှစ် မေလ၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်ပါ တယ်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်သူများထံမှ နိုင်ငံတကာစားသုံးသူ ကာကွယ်ရေးဆိုင်ရာ ရှုထောင့်အမြင်များကို လေ့လာသင်ယူနိုင်စေရန်၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုး တက်စေခြင်းဖြင့် စားသုံးသူများ၏ အခွင့်အလမ်းများကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် အစိုးရ ဝန်ထမ်းများနှင့် ပြည်သူလူထုကို အသိပညာဖြန့်ဝေပေးရန်၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ကို နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်တို့ တွင်ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ စားသုံးသူအကာအကွယ်ပေးရေး နယ်ပယ်တွင် အစိုးရဝန်ထမ်းများနှ င့် ပြည်သူလူထုပါဝင်ေ ဆာင်ရွက်နိုင်ရေးအတွက် ဗဟုသုတနှင့်အတွေ့ အကြုံများရရှိစေရန်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းတည်ထောင်ရာတွင် စားသုံးသူအကာအကွယ်ပေး ရေးကဏ္ဍ၌ အာဆီယံနိုင်ငံများနှင့်အတူ ထိရောက် စွာပါဝင် ဆောင်ရွက်နိုင်ရန်နှင့် ၂၀၁၅ အလွန် အာဆီယံ စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် အရင်းအမြစ်တည်ဆောက် သည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကိုအေ ထာက်အကူ ဖြစ်စေရန်တို့ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးဦးဟန်မှလည်းကောင်း USAID မှ Mission Economist ဖြစ်သူ Mr. Daniel Swift မှ လည်းကောင်း အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ၊ ကုန်သည်အသင်းများနှင့်အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ထုတ် လုပ်သူနှင့် စားသုံးသူကိုယ်စားလှယ်များ၊ စုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ပါတယ်။

ဆက်လက်၍ နေပြည်တော်၊ Royal ACE Hotel တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၌ “Seminar on Protecting Consumer Rights in Myanmar: Effectively Implementing on the New Law on Consumer Protection and International Perspectives” ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါတယ်။