သြစတြေးလျနိုင်ငံ၊ Royal Austrialia Air Force မှ မြန်မာနိုင်ငံအတွင်းရှိရေဘေးသင့်ပြည်သူများသို့ လေကြောင်းဖြင့် ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း

                ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် သြစတြေးလျနိုင်ငံ၊ Royal Austrialia Air Force မှ လေယာဉ်အမှတ်၊ ASY 663 (C-17) Cargo လေယာဉ်ဖြင့် တကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ အိပ်ယာ ခင်းခြင်ထောင်နှင့်ကလေးငယ်ကျောင်းသုံးပစ္စည်းများပါဝင်သော (60cm×40cm×50cm) အရွယ်အစား ရှိ (Family Kit Box) 952 Box အား တင်ဆောင်ရောက်ရှိလာပါသည်။

                အဆိုပါ ပစ္စည်းများအနက် Plastic Box (၄၅၂) ပုံးအား နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော IOM (International For Migration) ရွှေ့ပြောင်းသွားလာနိုင်ငံတကာအဖွဲ့အစည်းမှ တာဝန်ခံ ကိုယ် စားလှယ် အကြီးတန်းထောက်ပံ့ပို့ဆောင်ရေးမှူးမှ လာရောက်ထုတ်ယူခဲ့ပြီး ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့များရှိ ရေဘေးသင့်ပြည်သူများအတွက်လည်းကောင်း၊ ကျန်ရှိသည့် Plastic Box (500) ပုံး အား World Vision International – Myanmar နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံကိုယ်စားလှယ်မှ လာရောက်ထုတ်ယူခဲ့ပြီး ပွင့်ဖြူမြို့နယ်ရေဘေး သင့်ပြည်သူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။