မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လေကြောင်းဖြင့် ပေးပို့လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ ပြည်သူများနှင့်ကုမ္ပဏီများ၊ အဖွဲ့ အစည်းများမှ ကယ်ဆယ်ရေးပစ္စည်းများအား လေကြောင်းလိုင်းဖြင့်ပေးပို့လှူဒါန်းလျက်ရှိရာ ကယ်ဆယ် ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန်ဦးစီးဌာနသိုလှောင်ရုံသို့ ရောက်ရှိ ထုတ်ပေးခဲ့မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ၂၀၁၅ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့တွင် ထိုင်းလေကြောင်းလိုင်းအမှတ်၊ TG-603 Air Way Bill No.217-0668-5276 ဖြင့် Brovo Speed Ltd မှ ပေးပို့လှူဒါန်းသော Life Javket (အသက် ကယ်အင်္ကျီ (၄၀) ထည်၊ အလေးချိန် (၁၀) ကီလိုဂရမ် ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ (၄၀) တန်ဖိုးရှိပစ္စည်းများအား Myanmar Consultancy Co.,Ltd မှ လာရောက်ထုတ်ယူ၍ မော်တော် ယာဉ်တစ်စီးဖြင့် ၁၁-၈-၂၀၁၅ ရက်နေ့ ၁၃း၃၀ နာရီအချိန်တွင် တင်ဆောင်ထွက်ခွာ သွားကြောင်း၊

( ခ )  ၂၀၁၅ ခုနှစ်၊ သြဂုတ် ၉ ရက်နေ့တွင် ၀၉း၃၀ နာရီအချိန်တွင် တရုတ်လေကြောင်းလိုင်းအမှတ်၊ MAI-8M-712 ၊ Air Way Bill No. 599-0034 6920 ဖြင့် GDZR Co.,Ltd အုပ်စုမှ ပေးပို့လှူဒါန်းသော တောစီးရာဘာဖိနပ် (၉) ပုံး၊ အလေးချိန် (၁၉၀) ကီလိုဂရမ် ခန့်မှန်းတန်ဖိုး ယွမ် (၃၀၀၆.၅၀) တန်ဖိုးရှိ ပစ္စည်းများအား ထူးဖောင်ဒေးရှင်းမှ လာရောက်ထုတ်ယူ၍ မော်တော်ယာဉ်တစ်စီးဖြင့် ၁၁-၈-၂၀၁၅ ရက်နေ့ ၁၃း၃၀ နာရီအချိန်တွင် တင်ဆောင်ထွက်ခွာ သွားကြောင်း၊

(ဂ) ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၉ ရက် ၁၆ : ၃၀ နာရီအချိန်တွင် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်အမှတ်၊ TG- 303၊ Air Way No.217-0109-5732 ဖြင့် MPRL E & P Pte Ltd မှ ပေးပို့ လှူဒါန်းသော ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ ရေလုံစေရန် ထုပ်ပိုးရာတွင် အသုံးပြုသည့် Paiiet Wrapper Machine and Accessories (၂)  အလေးချိန် (၂၀၀၀) ကီလိုဂရမ်၊ ခန့်မှန်း တန်ဘိုး အမေရိကန်ဒေါ်လာ (၁၀၀၀၀) အား တင်ဆောင်ရောက်ရှိလာရာ MPRL E & P Pte Ltd မှလာရောက်ထုတ်ယူ၍ မော်တော်ယာဉ်တစ်စီးဖြင့် ၁၁-၈-၂၀၁၅ ရက်နေ့ ၁၄း၀၀ ချိန် တွင် တင်ဆောင်ထွက်ခွာသွားကြောင်း၊

(ဃ)   ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက် ၁၀ : ၁၅ နာရီအချိန်တွင် အင်ဒိုနီးရှား လေကြောင်းလိုင်း အမှတ်၊ AK-504၊ Air Way Bill No.807-0690-30242 ဖြင့် အင်ဒိုနီးရှားနိုင်ပြည်သူများမှ လှူဒါန်းသော Tarpaulins 4x6m (Unbranded) 5pcs/bundle (၁၀၀) ခုအား ထုပ်ပိုးထား သည့် အထုပ်ရေ (၂၀) ထုပ်၊ အလေးချိန် (၄၄၀) ကီလို၊ ခန့်မှန်းတန်ဘိုး အမေရိကန်ဒေါ်လာ (၁၁၈၄)အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလာရောက် ထုတ်ယူသွားကြောင်း၊

(င)    ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက် ၁၃:၀၀ နာရီအချိန်တွင် ထိုင်းလေကြောင်းလိုင်းအမှတ်၊ TG-303၊ Air Way Bill No.452-8855-736 ဖြင့် Jump Gifts (Shanhai) Co.,Ltd မှ ပေးပို့လှူဒါန်းသော အသက် ကယ်ဘောကွင်း (၅)ခု၊ အသက်ကယ်အင်္ကျီ (၇)ခုပါ အထုပ်(၁) ထုပ်အား အမြန်အချောပို့ DHL တာဝန်ခံမှ မော်တော်ယာဉ်တစ်စီးဖြင့် ပိတောက်လက်ဆောင် ကုမ္ပဏီသို့ပေးပို့ရန် ထုတ်ယူသွားကြောင်း၊

          အထက်ပါ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူ များထံသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။