မြန်မာနိုင်ငံရှိ သဘာဝဘေးအန္တရာယ်ကျရောက်သော ပြည်သူများအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရအဖွဲ့မှ ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်းပေး အပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) နေပြည်တော်တွင် မြန်မာနိုင်ငံရှိ သဘာဝ ဘေးအန္တရာယ် ကျရောက်သော ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည် နယ်ခွဲ၊ ပြည်သူ့အစိုးရအဖွဲ့မှ ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟိုလျန်းနှင့် ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ကိုယ်စား လှယ်များနှင့် ဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက လှူဒါန်းသည့် ပစ္စည်းများ နှင့် လှူဒါန်းငွေများကို လွှဲပြောင်းလက်ခံခဲ့ပြီး လှူဒါန်းမှုအတွက် သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရေဘေးသင့်ဒေသများအတွက် လှူဒါန်းငွေများအား ပြည်ထောင် စုဝန်ကြီး ဦးဝင်းမြင့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယူနန်ပြည်နယ်၊  တက်ဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရအဖွဲ့မှ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများသို့ ဆန်၊ ဆီ၊ ဆားနှင့် အခြားစားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ကျပ် (၁၅၆၂) သိန်းကျော်နှင့် ငွေသားကျပ်သိန်း (၄၀၀) တို့ဖြစ်ပြီး အဆိုပါပစ္စည်း များကို အမှန်တကယ်လိုအပ်သော ဒေသများသို့ ပို့ဆောင်ပေးမည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရေဘေးသင့်ဒေသများအတွက် လှူဒါန်းငွေစုစုပေါင်းတန်ဖိုးကျပ် (၅၁) သိန်းကျော်ဖြစ်ကြောင်း သတင်းရရှိပါသည်။