မူဆယ်မြို့ရှိ ကွမ်ရင်စီဘုရားကျောင်းတိုက်မှ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း
မူဆယ်မြို့ရှိ ကွမ်ရင်စီဘုရားကျောင်းတိုက်မှ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်းများတင်ဆောင်လာသော ၆ ဘီးကားတစ်စီးဖြင့် ၉.၈.၂၀၁၅ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်ဖြတ်သန်းသွားကြောင်း သတင်း ရရှိပါသည်။ အဆိုပါပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ကျား/ မ အဝတ်အထည် (သေး) ၄၅ အိတ် (ခန့်မှန်းတန်ဖိုး ၃ သိန်း)
( ခ) ကျား/ မ အဝတ်အထည် (ကြီး) ၈ အိတ် (ခန့်မှန်းတန်ဖိုး ၂ သိန်း)
( ဂ) မုန့်ဖာစုံ ၅၅ အိတ် (ခန့်မှန်းတန်ဖိုး ၅ သိန်း)
(ဃ) မိုးကာအင်္ကျ ီ ၅ အိတ် (ခန့်မှန်းတန်ဖိုး ၄ သိန်း)
( င) ရေသန့်ဆေးရည် (ECO) Enzyme ၄၅ ဖာ(ခန့်မှန်းတန်ဖိုး ၅ သိန်း)
( စ) ခေါက်ဆွဲခြောက် ၆ ဖာ (ခန့်မှန်းတန်ဖိုး ၂ သိန်း)