ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးရှိ မြို့နယ်များမှ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေး အသင်းတို့မှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးရှိ မြို့နယ်များမှ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေး အသင်းတို့မှ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်များတင်ဆောင်လာ သော ကားတစ်စီးဖြင့် ၇.၈.၂၀၁၅ ရက်နေ့တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၊ လရ-၁ (နောင်ချို)မှ တစ်ဆင့်ဖြတ်သန်း၍ သယ်ဆောင်သွားကြောင်း သတင်းရရှိပါ သည်။ အဆိုပါ ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) စားသောက်ကုန်ပစ္စည်း/ အဝတ်အထည်၊ ရေသန့်် ၁၂ မျိုး သိန်း ၁၈၀
(ခ ) စားသောက်ကုန်ပစ္စည်များ ၁၀ မျိုး သိန်း ၃၂၀
( ဂ) စားသောက်ကုန်ပစ္စည်း၊ အဝတ်အထည်၊ ရေသန့်် ၂၅ မျိုး သိန်း ၃၀
( င) ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ ငွေသား ၁၈ မျိုး သိန်း ၆၀
( စ) ရေသန့်များ ၁၆ တန် သိန်း ၅၀
(ဆ) ငွေသားနှင့် စားသောက်ကုန်၊ ပစ္စည်းများ၊ အထည်များ ၄ မျိုး သိန်း ၁၃၅