မြဝတီမြို့မှ စေတနာရှင်ပြည်သူများ စုပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း
မြဝတီမြို့မှ စေတနာရှင်ပြည်သူများ စုပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းပစ္စည်များတင်ဆောင်လာသော Nissan (၁၂) ဘီးကားတစ်စီးဖြင့် ၇.၈.၂၀၁၅ ရက် နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဆင့်ဖြတ်သန်းသွားကြောင်း သတင်းရရှိပါသည်။ အဆိုပါ ပစ္စည်း များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) သွားတိုက်ဆေး ၂ ဖာ
(ခ ) ကြက်ဆန်ပြုတ် ၂ ဖာ
( ဂ) ဝက်ဆန်ပြုတ် ၃ ဖာ
(ဃ) ကြာဇံဖာကြီး ၃၀ ဖာ
( င) အင်္ကျ ီ ၂ ဖာ အထည် (၂၀၀)
( စ) ဆီ (၁) လီတာ ၅၀ ဖာ
(ဆ) ဖျာရှည် ၁၀၀ ချပ်
( ဇ) နွားနို့ကတ် ၂၀ ဖာ
(ဈ) ပဲနို့ကတ် ၃၀ ဖာ
(ည) အချိုရည်ဖာကြီး ၁၄ ဖာ
( ဋ) ရေသန့်ဗူးကြီး ၄၀ တွဲ
( ဌ) ရေသန့်ဗူးသေး ၃၀၀ ဒါဇင်
( ဍ) ဖိနပ်အိတ်ကြီး ၅ အိတ် ဒါဇင် (၁၀၀)
(ဎ ) ခေါက်ဖျာအလတ် ၁၁၂၅ ချပ်
(ဏ) စောင်အိတ်ကြီး ၁၀ အိတ် အထည် ၁၀၀၀
(တ) ကိတ်မုန့်ဖာ ၅၀ ဖာ
(ထ) မားမားခေါက်ဆွဲ (ဖာကြီး) ၃၁၅ ဖာ
( ဒ ) ငါးသေတ္တာ (ဖာကြီး) ၂၆၀ ဖာ