တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံ သဘာဝဘေးဒဏ်သင့် ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံ သဘာဝဘေး ဒဏ်သင့် ဒေသများအတွက် လှူဒါန်းသော ပစ္စည်းများအား ယူနန်ပြည်နယ် အစိုးရ၊ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူး မစ္စတာ ဟိုတောင်ဦးဆောင်သည့် အဖွဲ့သည် ကုန်တင်ယာဉ် (၁၅) စီးဖြင့် သယ်ဆောင်၍ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ (၀၉:၅၀) နာရီအချိန်တွင် မန္တလေးမြို့ သို့ထွက်ခွာသွားေ ကြာင်း သတင်းရရှိသည်။

၂။ ရေဘေးဒုက္ခသည်များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့လှူဒါန်း သည့် အောက်ပါ ကယ်ဆယ်ရေးပစ္စည်းများမှာ တရုတ် ယွမ်ငွေ ၂၄၁၀၀၀၀ တန်ဘိုး ရှိကြောင်း သတင်း ရရှိပါသည်-

(က) မိုးကာတဲ ( ၁၀၀၀) လုံး

( ခ) နို့မုန့်ဖာ ( ၅၀၀) ဖာ

( ဂ) ခေါက်ဆွဲခြောက် (၁၀၀၀၀) ဖာ

(ဃ) ဆန်တန်ချိန် ( ၁၀၀) တန်