သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်စာရင်း (Negative List) ထုတ်ပြန်ကြေညာခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင် လျှောက်ာထားရန်မလိုသော ကုန်စည်အမယ်စာရင်းများကို တိုးမြှင့်သတ်မှတ်ပြီး အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၁၃)၊ (၃၃/၂၀၁၃)၊ (၇၂/၂၀၁၃)၊ (၃၈/၂၀၁၄) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့   (WTO) နှင့် ASEAN အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ WTO ၏ Agreement on Import Licensing Procedures အရလည်းကောင်း၊ အာဆီယံနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော လုပ်နည်းများအရလည်းကောင်း လိုက်လျောညီထွေဖြစ်စေရန်အတွက် ယခင်လိုင်စင်လျှောက်ထားရန်မလိုသည့် ကုန်စည်စာရင်းများကို ထုတ်ပြန်ကြေညာခြင်းအစား မြန်မာနိုင်ငံ၏ HS Code 2012 Version အရ ကုန်စည်လိုင်းပေါင်း (၄၄၀၅) လိုင်းအား သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်စာရင်း (Negative List)  အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၅ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။