ရေနံဈေးကျ၍ ဇန်နဝါရီလ ပို့ကုန် ဝ.၄% ကျဆင်း $ ၄၅.၄ ဘီလီယံသာရှိ

   ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းခြင်းကြောင့် ကိုရီးယား၏ ရေနံဓါတုထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကျဆင်းသွားခဲ့၍ ဇန်နဝါရီလအတွင်း ပြည်ပပို့ကုန်ပမာဏကျဆင်းခဲ့ သည်။ ဇန်နဝါရီလအတွင်း ပြည်ပပို့ကုန်တန်ဖိုးသည် $ ၄၅.၃၇ ဘီလီယံသာရှိ၍ ယခင်လကထက် ဝ.၄% ကျဆင်းကြောင်း ကုန်သွယ်ရေ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ရေနံဓါတုထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကိုဖယ်ထုတ်ထားပါက အခြားကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုသည် ၆.၆% တက် လာကြောင်းသိရသည်။

   အမှန်တကယ်မှာ ရေနံနှင့် ရေနံဓါတုထုတ်ကုန်များ ပြည်ပတင်ပို့မှု ပမာဏသည် ၁၃.၂% နှင့် ၄.၂% အသီးသီးတက်ခဲ့သော်လည်း ရေနံဈေးနှုန်းတောက်လျောက်ကျဆင်း ခဲ့သဖြင့် ကုန်ပစ္စည်းတန်ဖိုးများမှာမူ $ ၁.၈ ဘီလီယံ (-၃၈.၅%) နှင့် $ ၈၀ဝ မီလီယံ (-၁၉.၈%) အသီးသီးကျဆင်းခဲ့သည်။ ကျန်ကုန်ပစ္စည်းများဖြစ်သည့် ရေယာဉ်နှင်‌့ပတ်သက် သည့်ကုန်ပစ္စည်းများ (၆၂.၅%)၊ ကွန်ပြူ တာများ (၁၅.၂%)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (၁၃.၇%)၊ အထွေထွေစက်မှုကုန်များ (၆.၉%) တို့အသီးသီးတိုးတက်တင်ပို့နိုင်ခဲ့သည်။ စမတ်ဖုန်းများတင်ပို့နိုင်မှုသည် Apple Inc. နှင့် တရုတ်ပြိုင်ဘက်များနှင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့၍ ယခင်လထက်စာလျှင် ၁.၉% ကျဆင်းခဲ့သည်။ သံမဏိပစ္စည်းများသည် (-၂.၄%)၊ မော်တော်ကားပစ္စည်းများ (-၄.၁%) တို့အသီးသီးကျဆင်းခဲ့သည်။ ဒေသအလိုက်ကြည့်လျှင် ရုရှားတွင် စီးပွားရေးပြဿ  ာနာများရှိနေ၍ ရုရှားနှင့် အီးယူတို့သို့ တင်ပို့နိုင်မှု ကျဆင်းခဲ့ကြောင်းသိရသည်။

ကိုးကားချက် - Hankyung Daily