ကြာသပတေးနေ့စကားဝိုင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပတ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်သော ကြာသပတေး နေ့ စကားဝိုင်း (Thursday Talk) အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်စိုးမှ“ မြန်မာနိုင်ငံ အမျိုးသားပို့ကုန်မဟာဗျူဟာ ”ခေါင်းစဉ် ဖြင့် ဆွေးနွေးခဲ့ရာ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းနှင့် WTOနှင့်အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီအောင်တို့မှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမြင့်စိုးမှ အမှတ်တရလက်ဆောင် ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိ သည်။