စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်တားဆီးကာကွယ်ရေး ဥပဒေရေးရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးဥပဒေရေးရာ အသိပညာပေးဆွေးနွေးဟော ပြောပွဲကို ၃.၂.၂၀၁၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးနေဝင်းမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးေ ကာ်မရှင်၏ နောက်ခံသမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ တို့အားလည်းကောင်း၊ ဦမောင်ရှိန်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်၍ လည်းကောင်း၊ဝန်ထမ်းများအနေဖြင့် ဥပဒေကိုသိရှိပြီး သတိပြုဆင်ခြင်နိုင်စေရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင် စေရေးအတွက်အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။