EIF လုပ်ငန်းစဉ်အောက်ရှိ Capacity Assessment Mission ၏ ပြန်လည်ခြုံငုံသုံးသပ်ဆွေးနွေးခြင်း

        ကမ္ဘာ့ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးအဖွဲ့ (UNOPS) မှ Regional Portfolio Management Mr. Ratnasabathy Manivannan ၏ Capacity Assessment Mission အတွင်း ဆွေးနွေးခဲ့သည့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စများ၊ ပစ္စည်းဝယ်ယူရေးဆိုင်ရာကိစ္စများ၊ စာရင်းစစ်ဆေးခြင်းကိစ္စများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးရန်နှင့် Mission ကိစ္စအား ပြန်လည်၍ခြုံငုံသုံးသပ် ညှိနှိုင်းဆွေးနွေးပွဲကို ၂.၂.၂၀၁၅ ရက်နေ့ မွန်းလွဲ ၁၃း၀၀ နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊မြေညီထပ်အစည်းအဝေးခန်းမ တွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။