မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် Hyundai Engineering Co., Ltd. နှင့် တွေ့ဆုံဆွေးနွေးပြီးစီးမှု အစီရင်ခံစာ

မြန်မာသံရုံး၊ ဆိုးလ်မြို့
စီးပွားရေးသံမှူးက (အခါအားလျော်စွာ) အခြားတင်ပြသည့်သတင်းများ
Hyundai Engineering Co., Ltd. နှင့်တွေ့ဆုံပြီးစီးမှု အစီရင်ခံစာ

ကုမ္ပဏီ၏ အချက်အလက်များ
၁။    ၁၉၇၄ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်သော Hyundai Engineering Co., Ltd. သည် ဟွန်ဒေးကုမ္ပဏီအုပ်စုကြီး၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာ လုပ်ငန်းနှင့် အခြေခံအဆောက်အဦ (infrastructure) လုပ်ငန်းအားလုံးကို ဖြစ်နိုင်ခြေလေ့လာသုံး သပ်ခြင်း (feasibility study) မှစ၍ အခြေခံအသေးစိတ်ဒီဇိုင်းရေးဆွဲခြင်း၊ procuring, commissioning, operation and maintenance စသည့် ပရောဂျက်တစ်ခု၏လုပ်ငန်းစဉ် အားလုံးအား တာဝန်ယူဆောင်ရွက်သည့် အင်ဂျင်နီးယားရင်းကုမ္ပဏီတစ်ခုဖြစ်ပါသည်။
၂။    Hyundai Engineering ကတာဝန်ယူဆောင်ရွက်နိုင်သော လုပ်ငန်းစဉ်များမှာ process plant, power & energy plant, building works, housing works, infrastructure & environmental, and Asset management စသည့် project cycle တစ်ခုလုံး တို့ဖြစ်ကြပါသည်။ လတ်တလောတွင် နိုင်ငံ ပေါင်း ၂၇ နိုင်ငံတွင် ပရောဂျက်များဆောင်ရွက်နေပြီး၊ မြန်မာနိုင်ငံတွင် power & energy plant လုပ်ငန်းထဲတွင်ပါဝင်သည့် ကျောက်မီးသွေး (သို့) သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခု တည်ဆောက်လိုသည့်အတွက် စီမံကိန်း တစ်ခုရှိပါသည်။
တွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာ
၃။    တင်ပြပါ Hyundai Engineering Co., Ltd. ၏ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ခုအား ရန်ကုန်မြို့ပတ်ဝန်းကျင်တွင်တည်ဆောက်လိုခြင်းအတွက် ယင်းကုမ္ပဏီ၏ Deputy General Manager ဖြစ်သူ Mr. Ji Sang Wuk အား စီးပွားရေးသံမှူးက (၆-၁-၂၀၁၅) ရက်နေ့ ၁၀း၃၀ နာရီချိန်တွင် ဆိုးလ်မြို့ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဓါတ်အား ပေးစက်ရုံတည်ဆောက်မည့်စီမံကိန်းသည် နှစ်နိုင်ငံအစိုးရချင်း ဆက်စပ်၍ G to G ဆောင်ရွက် မည့်လုပ်ငန်းမဟုတ်ခြင်း၊ မည်သည့် grand aid (သို့မဟုတ်) loan တစ်ခုခုဖြင့် ဆောင်ရွက်မည့် လုပ်ငန်းမဟုတ်ခြင်းတို့ကြောင့် foreign direct investment တစ်ခုသာဖြစ်ကြောင်း သိရှိရပါ သည်။
ဆွေးနွေးချက်အပေါ်အရေးယူဆောင်ရွက်ပေးမှု
၄။    Hyundai Engineering Co., Ltd. ၏ ဓါတ်အားပေးစက်ရုံတည်ဆောက်လိုသည့် စီမံကိန်း သည် foreign direct investment တစ်ခုဖြစ်သဖြင့်၊ ရှေးဦးစွာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို မည်သို့အရေးပေးဖိတ်ခေါ်နေကြောင်း၊ မည်ကဲ့သို့သော incentive များပေးအပ် ထားကြောင်းတို့ကို ရှင်းလင်းပြောကြား ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်
-၂-
နိုင်မှု အခြေအနေကိုလည်း ဈေးကွက်သုတေသနတစ်ခုအနေဖြင့် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် UMFCCI ၏ C.E.C အဖွဲ့ဝင်၊ E.P.C ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဦးဇော်နိုင်သိန်းနှင့် ရန်ကုန် တွင် တွေ့ဆုံစေရန် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါသည်။
၅။    ရန်ကုန်တွင် ဦးဇော်နိုင်သိန်းနှင့် တွေ့ဆုံပြီးပါက လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် ကုမ္ပဏီ နှစ်ခုကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ပြန်လည်သတင်းပေးပို့ပါရန်နှင့် လို အပ်ပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား အဓိကထားကိုင်တွယ်နေသော MIC, DICA မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးစေမည်ဖြစ်ကြောင်း Mr. Ji Sang Wuk အား ပြောကြားခဲ့ပါ ကြောင်း တင်ပြအပ်ပါသည်။

                                    

                                                                                                                                                                                                    (သန့်ဇင်၊ စီးပွားရေးသံမှူး)