စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် မြန်မာ-ဂျပန်စင်တာ ဆိုင်ရာပူးတွဲကြီးကြပ်ရေးကော်မတီ အဖွဲ့အားလက်ခံတွေ့ဆုံ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည် မြန်မာ-ဂျပန် စင်တာဆိုင်ရာပူးတွဲကြီးကြပ်ရေးကော်မတီ(MJC)မှ Chief Advisor, Mr.Morimasa KANAMARU နှင့် Business Course Manager, Dr.သန်းသန်းအောင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။