ကြာသပတေးနေ့စကားဝိုင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပတ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်သောကြာသပ တေး နေ့စကားဝိုင်း (Thursday Talk) အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြည်မာလာမှ “ Workshop On Strengthening Capacity For Legislative Development In Myanmar ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေခိုင်ကျော်မှ “ WTO/ITD Regional Advanced Trade Negotiation Simulation Skills Course” ခေါင်းစဉ်ဖြင့် လည်းကောင်း ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။