“WTO Regional Coordinator Internship Program & Business Research Methodology & Data Analysis ”

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့စကားဝိုင်း (Thursday Talk)အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်၌ ရုံးအမှတ် (၃) အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်မှ “WTO Regional Coordinator Internship Program” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးမြတ်သူရမှ  “ Business Research Methodology & Data Analysis” ခေါင်းစဉ်ဖြင့်လည်းကောင်း  ဆွေးနွေးခဲ့၍ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ WTO နှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများဌာနခွဲ ညွှန်ကြားရေးမှူးဦးကိုကိုလေးမှ ဖြည့်စွက်ဆွေးနွေးပြီး ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းမှ အမှတ်တရ လက်ဆောင်ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိ သည်။