ဝါးအနုထည်လက်မှုသင်တန်းဖွင့်ပွဲကျင်းပ

   ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆပ်ကော်မတီမှကြီးမှူးကျင်းပသည့် ဝါးအနုထည်လက်မှုသင်တန်းဖွင့်ပွဲ ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်(၉ း ၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးဝင်းမောင် နှင့်လုပ်ငန်းဆပ်ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။ ဝါးအနုထည်လက်မှုပစ္စည်းများဖြစ်သည့် ဓါတ်ပုံဘောင်၊ ဖုန်းတင်စင်၊ ခဲတံဘောလ်ပင်ထည့်သည့် စားပွဲတင်ခြင်းစသည့်တို့ အား နိုင်ငံခြားဧည့်သည် များက နှစ်ခြိုက်ကျပြီး အိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ယူလေ့ရှိကြသည့်အတွက် ကျေးလက်နေပြည်သူများ ဝင်ငွေပိုမိုရရှိရေး၊ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဌကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ချိုမှ သင်တန်း ဖွင့်ပွဲအမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသား (၃၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၂၂)ရက်မှ (၂၉)ရက်နေ့အထိ (၈)ရက် ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။