“Thaiwan’s Trade Relationship and Economic Development and Training on Electronic Traceability For Agricultural Trade Facilitation and Small holder Integrations”

 “Thaiwan’s Trade Relationship and Economic Development and Training on Electronic Traceability For Agricultural Trade Facilitation and Small holder Integrations”

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့ စကားဝိုင်း(Thursday Talk)အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန် တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာကုန် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး တို့တက်ရောက်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူးဒေါ်နီလာသိန်းမှ  “Thaiwan’s Trade Relationship and Economic Development” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးစီးအရာရှိ ဒေါ်အေးသီရိမွန်မှ “Training on Electronic Traceability For Agricultural Trade Facilitation and Small holder Integrations ”  ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြ၍ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်စိုးမှ ဖြည့်စွက်ဆွေးနွေးပြီး အမှတ်တရလက်ဆောင်ချီးမြှင့်ပေးခဲ့ ကြောင်းသတင်းရရှိသည်။