စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အစည်းအဝေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်သည် ယနေ့နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

         အစည်းအဝေးတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးဆီတင်သွင်းခွင့် ခွဲတမ်း (Quota)များအား သတ်မှတ် ကာလအတွင်း သတ်မှတ်ခွဲတမ်းအတိုင်း အပြည့်အဝတင်သွင်းရောက်ရှိစေရေး၊ ကုမ္ပဏီ၏အစီအစဉ်ဖြင့် ခန့်အပ်ထားသော လက်ကား/ လက်လီကိုယ်စားလှယ်များအား နိုင်ငံတော်၏ မူဝါဒ၊ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို သိရှိစေရန် ရှင်းလင်းဆွေးနွေးရေး၊ ကုမ္ပဏီများ၏ စားသုံးဆီလယ်ဂျာ လက်ကျန်စာရင်းနှင့် မြေပြင် ဆီကန်လက်ကျန်စာရင်းများ ကိုက်ညီမှုရှိစေရေး၊ ပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

       ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီများက စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး  စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။