လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့်  Myanmar   Great Motor  Co., Ltd.  မှ  တင်သွင်းလာသော  တရုတ်နိုင်ငံထုတ်  KARRY  ELEPHANT  EV  X5  နှင့်  KARRY   COWFISH EV E5 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ ၊ Tharaphu Soe Myint Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  CHANGAN   DEEPAL S7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်   ၁၇-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။