လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ3X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် NETA U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Geely Riddara RD6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Midmay Group Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng NAMMI 01 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၈-၈-၂၀၂၅ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။