စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီး ဟင်

နေပြည်တော်၊ ဇွန် ၂၀

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ စစ်ကိုင်း နှင့်မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိပြီး ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ၈၀ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက် ရှိကြောင်း သိရှိရပါသည်။ 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း ငလျင် ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၆ ပြည်ပါ(မနောသုခ- Export Quality) ၁၀ အိတ်၊ ဆန် ၅ ပြည်ပါ(ဖျာပုံ ပေါ်ဆန်း) ၈ အိတ်၊ စားအုန်းဆီ ၃၂၀ ပိဿာ၊ ဆား ၇ ပိဿာ ၇၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၂၃ ထုပ်၊ ငါးပိ ၁ ပိဿာ ၈၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၇ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၆ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သားပါ ၇ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၆ ထုပ်၊ ကြက်ဥ ၃၁၀ လုံး၊ ဘဲဥ ၅၀ လုံး၊ ခေါက်ဆွဲခြောက် ၉ ထုပ် တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အလားတူ  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်း များနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၁ အိတ်၊ စားအုန်းဆီ ၁၀၀ ပိဿာ၊ ဆား ၅ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၃ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ ၃ ထုပ်၊ ကြက်ဥ ၇၃ လုံး၊ ဘဲဥ ၂၅ လုံး၊ ကြက်သွန်နီ ၇ ပိဿာနှင့် အသားတု ၁ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများ သို့ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၁ အိတ်၊ စားအုန်းဆီ ၂၂၀၀  ပိဿာ၊ ဆား ၅ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၁၁ ထုပ်၊ ငါးပိ ၂ ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၉ ထုပ်၊ အာဗြဲ ခြောက် ၁၀ ကျပ်သား ၁၀ ထုပ်၊ ကြက်ဥ ၁၀၇၀ လုံး၊ ဘဲဥ ၅၉၀ လုံးနှင့် ခေါက်ဆွဲခြောက် ၈၀ ထုပ်တို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။