စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီး ဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၇၃ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဇွန် ၁၂

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့်ပြည်သူ များသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ၇၃ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း ငလျင် ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၆ ပြည်ပါ(မနောသုခ- Export Quality) ၁၂ အိတ်၊ ဆန် ၅ ပြည်ပါ(ဖျာပုံ ပေါ်ဆန်း) ၅ အိတ်၊ စားအုန်းဆီ ၃၄၀ ပိဿာ၊ ဆား ၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၁၂ ထုပ်၊ ငါးပိ ၁ ပိဿာ ၈၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၇ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၅ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၉ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သားပါ ၇ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၅ ထုပ်၊ ကြက်ဥ ၁၈၀ လုံး၊ ဘဲဥ ၃၅ လုံး၊ ခေါက်ဆွဲခြောက် ၅ ထုပ် တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

     ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကြက်သား(အကောင်) ၅၀ ကောင် ၊ ကြက်ဥ ၃၉၀၀ လုံး၊ ဘဲဥ ၃၀၀ လုံး၊ ငုံးဥ ၁၀၀၀ လုံးတို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း လှည့်လည် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ခရမ်းချဉ်သီး ၁၁၀ ပိဿာ ၊ အာလူး ၃၃၇ ပိဿာ ၊ ဂေါ်ဖီထုပ် ၁၁၂ ထုပ် ၊ ပန်းဂေါ်ဖီ ၁၁၅ ပွင့် ၊ ချင်း ၁၈ ပိဿာ၊ ကြက်သွန်ဖြူ ၁၅၀ ပိဿာ၊ ‌‌ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၇၅ ပိဿာ၊ ခရမ်းသီး ၇၀ ပိဿာ၊ မုန်ညှင်းဖြူ ၁၁၂ ပိဿာ၊ မုန်လာဥနီ ၇၇ ပိဿာ၊ ငရုတ်ပွ ၆၈ ပိဿာ၊ ဘိုစားပဲ ၇၅ ပိဿာ၊ ဂေါ်ရခါးသီး ၇၀ ပိဿာ၊ ပြောင်းဖူး ၇၅ ပိဿာနှင့် လက်ဖက်ခြောက် ၂၂ ပိဿာ၊ ဂန္ဓာမာပန်း ၇ စည်းတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်ထောင်စု နယ်မြေ(နေပြည်တော်)အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းနှင့်ပြည်သူများသို့ ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ပါသည်။

အလားတူ  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်း များနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၄ အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား ၄ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၂ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ ၃ ထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥ ၂၀ လုံး၊ ကြက်သွန်နီ ၈ ပိဿာနှင့် အသားတု ၂ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၅ အိတ်၊ စားအုန်းဆီ ၂၂၀၀ ပိဿာ၊ ဆား ၅ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၇ ထုပ်၊ ငါးပိ ၂ ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၉ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၇ ထုပ်၊ ကြက်ဥ ၁၅၀၀ လုံး၊ ဘဲဥ ၆၀၈ လုံးနှင့် ခေါက်ဆွဲခြောက် ၄၅ ထုပ်တို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။