စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၆၅ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဇွန် ၄

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည် သူများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ ပြီး ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ၆၅ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါသည်။ 

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း ငလျင် ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၆ ပြည်ပါ(မနောသုခ- Export Quality) ၃၅ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံ ပေါ်ဆန်း) ၂၀ အိတ်၊ ဆီ ၁၆၄၀ ပိဿာ၊ ဆား ၁၀ ပိဿာ ၇၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၃၀ ထုပ်၊ ငါးပိ ၂ ပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၁၇ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၀ထုပ်၊ ကြက်ဥ ၁၆၀ လုံး၊ ဘဲဥ ၃၅ လုံး၊ ခေါက်ဆွဲခြောက် ၁၁ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

     ထို့အပြင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် အမဲသား ၁၀၃ ပိဿာ၊ ဝက်သား ၉၅ ပိဿာ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

     အလားတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ  ရက်နေ့တွင် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်း များနှင့် ပြည်သူများ သို့ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၃ အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား ၄ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၂ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ ၃ ထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥ ၂၀ လုံး၊ ကြက်သွန်နီ ၈ ပိဿာနှင့် အသားတု ၂ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ပြီး မန္တလေးမြို့တွင်လည်း ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၇ အိတ်၊ စားအုန်းဆီ ၂၂၀၀  ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၇ ထုပ်၊ ငါးပိ ၁ ပိဿာ၊ ငါးနီတူ ခြောက် ၁၀ ကျပ်သား ၇ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၆ ထုပ်၊ ကြက်ဥ ၁၄၃၅ လုံး၊ ဘဲဥ ၆၆၅ လုံးနှင့် ခေါက်ဆွဲခြောက် ၃၂ ထုပ်တို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။