စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းမြို့တွင် ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများကို သက်သာသော ဈေးနှုန်းများဖြင့် ၆၂ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ ဇွန် ၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများများကို စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့်ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ၆၂ ရက်မြောက် အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့အတွင်း ဝန်ထမ်းများနှင့်ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃ အိတ်၊ စားအုန်းဆီ ၅၅ ပိဿာ၊ ဆား ၄ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၂ ပိဿာ၊ ငါးနီတူ ခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ ၃ ထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥ ၂၀ လုံး၊ ကြက်သွန်နီ ၈ ပိဿာနှင့် အသားတု ၂ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။