စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၂၉

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှစ၍ အိမ်တိုင်ရာ ရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်းသိရှိရပါ သည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်‌နေ့တွင် ကြက်သား(အကောင်) ၅၀ ကောင်၊ ကြက်ဥ ၃၀၀၀ လုံး၊ ဘဲဥ ၇၀၀ လုံးနှင့် ငုံးဥ ၃၀၀၀ လုံး တို့ကို သက်သာသော ဈေးနှုန်း ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။