စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၂၈

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ဈေးကားများ လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် နေပြည်တော်အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းနှင့်ပြည်သူများအား ခရမ်းချဉ်သီး ၁၀၀ ပိဿာ ၊ အာလူး ၃၀၀ ပိဿာ ၊ ဂေါ်ဖီထုပ် ၁၀၀ ထုပ် ၊ ပန်းဂေါ်ဖီ ၁၀၀ ပွင့် ၊ ချင်း ၁၃ ပိဿာ၊ ကြက်သွန်ဖြူ ၁၆၆ ပိဿာ၊ ‌‌ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၆၆ ပိဿာ၊ ခရမ်းသီး ၆၆ ပိဿာ၊ မုန်ညှင်းဖြူ ၁၀၀ ပိဿာ၊ ကိုက်လန် ၂၀ ပိဿာ၊ မုန်လာဥနီ ၆၆ ပိဿာ၊ ငရုတ်ပွ ၅၃ ပိဿာ၊ ဘိုစားပဲ ၆၆ ပိဿာ၊ ဂေါ်ရခါးသီး ၈၀ ပိဿာ၊ သခွားသီး ၃၃ ပိဿာ၊ ပြောင်းဖူး ၆၆ ပိဿာနှင့် လက်ဖက်ခြောက် ၆ ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။