စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၂၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင် ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ငါးကြင်း ၃၅ ပိဿာ၊ ငါးတန် ၃၅ ပိဿာနှင့် ငါးမုတ် ၃၀ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်းနှင့် အပတ်စဉ်သောြကာနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။