စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား ၊ ဝက်သားများအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၂၁

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်မှုဖြင့် အမဲသား၊ဝက်သားများအား ပြည်ထောင် စု နယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်း များဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်တွင် အမဲသား ၆၀ ပိဿာ နှင့် ဝက်သား ၇၅ ပိဿာ တို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။