စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လေးဆယ့်လေးရက်နေ့မြောက်အဖြစ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လေးဆယ့်လေးရက်နေ့မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၁၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေလ ၁၄ ရက်နေ့တွင် လေးဆယ့်လေးရက်နေ့မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဈေးကား(၈) စီးဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Gold Camp) အားကစားစခန်း၊ တပ်ကုန်းမြို့နယ်ပညာရေးမှူးရုံး၊ ပုဗ္ဗသီရိမြို့နယ်၊ ပညာရေးမှူးရုံး၊ တပ်ကုန်းမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပင်စင်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်ကောင်စီရုံးဝန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၆၀ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂ အိတ်၊ ဆီ ၁၇၆၀ ပိဿာ၊ ဆား ၁၁.၂၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၇၅ ထုပ်၊ ငါးပိ ၃ ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သား ၂၅ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား ၂၃ ထုပ်၊ ငါးနီတူ ခြောက် ၁၀ ကျပ်သား ၂၅ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၃၀ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သား ၂၀ ထုပ်၊ ကြက်ဥ ၈၀၀ လုံး၊ ဘဲဥ ၈၀ လုံး၊ ခေါက်ဆွဲခြောက် ၁၄ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အမဲသား ၈၅ ပိဿာ၊ ဝက်သား ၉၀ ပိဿာ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကား (၁)စီးဖြင့် လှည့်လည် ရောင်းချပေးခဲ့ပါသည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ခရမ်းချဉ်သီး ၁၅၀ ပိဿာ ၊ အာလူး ၃၃၇ ပိဿာ ၊ ဂေါ်ဖီထုပ် ၇၅ ထုပ် ၊ ပန်းဂေါ်ဖီ ၁၁၂ ပွင့် ၊ ကြက်သွန်ဖြူ ၁၉၂ ပိဿာ၊ ရွှေဖရုံသီး/ ကျောက် ဖရုံသီး ၁၃၅ ပိဿာ၊ ခရမ်းသီး ၂၂ ပိဿာ၊ မုန်ညှင်းဖြူ ၇၅ ပိဿာ၊ မုန်လာဥနီ ၁၁၂ ပိဿာ၊ ငရုတ်ပွ ၃၇ ပိဿာ၊ ဘိုစားပဲ ၇၅ ပိဿာ၊ ဂေါ်ရခါးသီး ၁၁၂ ပိဿာ၊ သခွားသီး ၇၅ ပိဿာနှင့် လက်ဖက်ခြောက် ၇ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင် ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပါသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့၌ ဈေးကား(၄)စီးဖြင့် ရောင်းချ ပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ(ရွှေဝါထွန်း) ၃ အိတ်၊ စားအုန်းဆီ ၃၀ ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၁ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၃၀ ကျပ်သား ၊ ကြက်ဥ ၇၀ လုံး၊ ဘဲဥ ၂၀ လုံး၊ ကြက်သွန်နီ ၅ ပိဿာနှင့် အသားတု ၁ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကား(၄)စီးဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၈ အိတ်၊ စားအုန်းဆီ ၂၂၀၀ ပိဿာ၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါ ၈ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၁ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၂ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၄ ထုပ်၊ ကြက်ဥ ၂၄၅၀ လုံး၊ ဘဲဥ ၆၁၅ လုံးနှင့် ခေါက်ဆွဲခြောက် ၃၀ ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။