စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှစ၍ အိမ်တိုင်ရာ ရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်းသိရှိရပါ သည်။
ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့နှင့် မေလ ၈ ရက်နေ့တို့တွင် နေပြည်တော်အတွင်း ဈေးကား(၁)စီးဖြင့် သုခသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က(၁၁)နှင့် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာများရှိ ဝန်ထမ်းများနှင့်ပြည်သူများ အား ကြက်သား(အကောင်) ၅၀၀ ကောင်၊ ကြက်ဥ ၁၅၀၀၀ လုံး၊ ဘဲဥ ၉၀၀၀ လုံးနှင့် ငုံးဥ ၄၀၀၀ လုံး တို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကြာသပတေးနေ့ တိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။