စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ပူးပေါင်းစီစဉ်မှုဖြင့် ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အိမ်တိုင် ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် နေပြည်တော်အတွင်း ဈေးကား(၁)စီးဖြင့် သုခသိဒ္ဓိရပ်ကွက် ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က(၁၁)ရှိ ဝန်ထမ်းများနှင့်ပြည်သူများအား ကြက်သား(အကောင်) ၂၅၀ ကောင်၊ ကြက်ဥ ၇၅၀၀ လုံး၊ ဘဲဥ ၄၅၀၀ လုံးနှင့် ငုံးဥ ၂၀၀၀ လုံးတို့ကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆက်လက်ရောင်းချပေးသွား မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။