စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက် များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် နေပြည်တော်အတွင်း ဈေးကား (၃) စီးဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ဝန်ထမ်းများ အား ဆီ ၄၅၀ ပိဿာ ၊ခရမ်းချဉ်သီး ၅၀၀ ပိဿာ ၊ အာလူး ၄၀၀ ပိဿာ ၊ ဂေါ်ဖီထုပ် ၁၅၀ ထုပ် ၊ ပန်းဂေါ်ဖီ ၁၀၀ ပွင့် ၊ ချင်း ၂၅ ပိဿာ၊ ကြက်သွန်ဖြူ ၂၅ ပိဿာ၊ ကြက်သွန်နီ ၁၀၀ ပိဿာ၊ ‌‌ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၈၀ ပိဿာ၊ ခရမ်းချဉ်သီး ၅၀ ပိဿာနှင့် မုန်ညှင်းဖြူ ၂၅ ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။