စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား ၊ ဝက်သားများအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နေပြည် တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား၊ ဝက်သားများ အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် နေပြည်တော်အတွင်း ဈေးကား (၁)စီးဖြင့် နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနများရှိ ဝန်ထမ်းများ အား ဆီ ၁၅၀ ပိဿာ၊ အမဲသား ၂၅ ပိဿာ နှင့် ဝက်သား ၂၀ ပိဿာများကို သက်သာသော ဈေးနှုန်း ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ရောင်းချပေး သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။