စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများအား သက်သာသောဈေးနှုန်းဖြင့်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင် ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက်သွားရောက် ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၂၉ ရက်နေ့တွင် သုံးဆယ် ရက်နေ့မြောက်အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ လယ်ဝေးမြို့ယာယီကယ်ဆယ်ရေးစခန်း၊  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ တပ်ကုန်းမြို့ရှိ အမှတ်(၁၀၉)တပ်ရင်းနှင့်ကုတင်(၁၀၀)ဆေးရုံ၊ နေပြည်တော်ကောင်စီဝင်း အတွင်းရှိ တိုင်းခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တိုင်းရုံးနှင့်ရဲတပ်ရင်းများ၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၉၉၀၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂၈၈ အိတ်၊ ဆီ ၂၉၅၂၀ ပိဿာ၊ ဆား ၁၄၉၀ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၅၂၇၉ ထုပ်၊ ငါးပိ ၂၇၇ ပိဿာ၊ ငါးတံခွန်ခြောက် များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲခြောက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးကြင်း ၄၅ ပိဿာ၊ ငါးတန် ၄၀ ပိဿာ၊ ငါးမုတ် ၃၀ ပိဿာနှင့် ခေါက်ဆွဲခြောက်ထုပ်များကိုလည်း ရောင်းချ ပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ 

အလားတူ စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၂၉၄ အိတ်၊ စားအုန်းဆီ ၄၇၄၅ ပိဿာ၊ ဆား ၅၇ ပိဿာ၊ ကုလားပဲ (၂၀)ကျပ် သားပါ ၂၉၄ ဘူး၊ ငါးပိ ၁၈ ပိဿာ၊ ကြက်သွန်နီ ၅၄၈ ပိဿာ၊ အသားတု ၂၄ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေး မြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၅၈၀ အိတ်၊ စားအုန်းဆီ ၅၅၀၀၀  ပိဿာ၊ ဆား ၁၀၅ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၈၆ ထုပ်၊ ငါးပိ ၈၀ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ် များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။