လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Nissan Ariya အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Golden Mandalar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Dolphin Mini အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ BYD Dolphin အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် EV Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Dolphin အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၁၄-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။