ရုံးလုပ်ငန်းတာဝန်နှင့် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၃/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်တဲ့ ရုံးလုပ်ငန်းတာဝန်နှင့် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၃/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၁၂-၂၀၂၁) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ ညီလာခံခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

 

အခမ်းအနားမှာ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နီနီကျော် က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်၍ စီမံရေးရာဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သင်တန်းသား (၂၇)ဦးအတွက် သင်တန်းဆင်း အောင်လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်(၁)ဦးထံသို့ ပေးအပ်ခဲ့ ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရတဲ့ ဌာနဖြစ်သည်နှင့်အညီ ဝန်ထမ်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများအား သိရှိပြီး ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ရုံးချုပ်နှင့် နယ်စခန်းများတွင် တာဝန်ထမ်းဆောင်သည့်အခါ ပို့ကုန်သွင်းကုန် လိုင်စင်ကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာကိစ္စရပ်များအား ပိုမိုသိရှိ နားလည် ကျွမ်းကျင်စေရန် ရုံးလုပ်ငန်းသုံးကွန်ပျူတာအသုံးပြုမှုအား ကျွမ်းကျင်တတ်မြောက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရုံးလုပ်ငန်းတာဝန်နှင့် ကွန်ပျူတာ သင်တန်းအမှတ်စဉ်(၃/၂၀၂၁)ကို (၁၅-၁၁-၂၀၂၁) ရက်နေ့မှ (၁၅-၁၂-၂၀၂၁) ရက်နေ့အထိ ရက်သတ္တ(၄)ပတ်အကြာ လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါသည်။ သင်တန်းမှာ ကုန်သွယ်ရေးဦးစီး ဌာနတွင် အသစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် နေ့စား(စာရေး)ဝန်ထမ်း (၂၃)ဦး၊ ဝန်ကြီးရုံးမှ သင်တန်းသား (၄)ဦး၊ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပါသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။