ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ အများပြည်သူ ရုံးပိတ်ရက်များတွင် လည်း ဦးစားပေးတင်သွင်းခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

 

၂၄-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၁၇)ခု၊ Oxygen Plant(၂)ခု၊ အောက်ဆီဂျင် (အိုးခွံ) (၁၄၉) ၊ နှာခေါင်းစည်း(Mask) (၁၅) တန်နှင့် ပင်လယ်ဆိပ်ကမ်းမှ Oxygen Concentrator (၁၁၄၁)ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ ထီးခီး၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) Bowserယာဉ်(၃)စီးဖြင့် (၆၀)တန်၊ အောက်ဆီ ဂျင်(အရည်) အိုးဖြင့် (၄)တန်၊  အောက်ဆီဂျင်(အိုးခွံ) (၅၁၉၁)ခု၊ အောက်ဆီဂျင် Plant (၇)ခု၊  အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၂၆၅)ခု၊ PPE (၁၀၀၀)စုံ၊ နှာခေါင်းစည်း(Mask) (၆၉)တန် တင်သွင်းနိုင်ခဲ့ပါသည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ်(၃)စီးမှာ ရန်ကုန်မြို့ သို့ဖြစ်ပြီး Oxygen Plant(၇)ခုမှာ မြစ်ကြီးနားမြို့သို့(၄)ခု၊ ရန်ကုန်မြို့သို့(၂)ခုနှင့် ကွမ်းခြံကုန်းမြို့ သို့(၁)ခုဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများ ထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။