ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံး ပိတ်ရက်များတွင် လေကြောင်း ၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၈-၈-၂၀၂၁ ရက်နေ့၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၃၂၉၄) ခုနှင့် နှာခေါင်းစီး (Mask) (၀.၅) တန်အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တမူးကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၃)စီးဖြင့်(၅၉)တန်၊ အောက်စီဂျင် အရည်(အိုးဖြင့်)(၃၈)တန်၊ အောက်စီဂျင် ဓာတ်ငွေ့ (အိုးဖြင့်)(၁)တန်၊အောက်စီဂျင်(အိုးခွံ) (၈၉၁၀)ခု၊ အိမ်သုံးအောက်စီဂျင်စက်(Oxygen Concentrator) (၃၇၄၅) ခု၊ လက်အိတ် (၁)တန်နှင့် နှာခေါင်းစီး (Mask) (၆၇) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ(၃၀)ခုမှ ယာဉ်စီးရေ (၅၂) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၄၈၁)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၅၇) တန်၊အောက်စီဂျင်အရည်(အိုးဖြင့်) (၈၉)တန်၊အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၃)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၅၆၇၉၀) ခု၊ Oxygen Plant (၆)ခု၊အောက်ဆီဂျင်(Generator) (၉)ခု၊အိမ်သုံး အောက်စီဂျင် စက် (Oxygen Concentrator) (၄၅၉၃၄)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၂၈၀၉၃၂)စုံ၊ လက်အိတ် (၄၀)တန်နှင့် နှာခေါင်းစီး (Mask) (၆၃၆) တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်စီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီး လိုအပ် လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ၉-၈-၂၀၂၁ ရက်နေ့မှ ၁၅-၈-၂၀၂၁ ရက်နေ့အထိ ရုံးပိတ်ရက်များ တွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၈-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိပါ သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရပါ သည်။