အသိပေးကြေငြာချက်

အသိပေးကြေငြာချက်

 

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သကြား Re-export စနစ်ဖြင့် ဆောင်ရွက်ခွင့်အား ပြန်လည်ခွင့်ပြုခဲ့သည့် (၁-၆-၂၀၁၈) ရက်နေ့မှ (၁၆-၈-၂၀၁၈) ရက်နေ့အတွင်း ကုမ္ပဏီ (၄၀၁) ခုသို့ သွင်းကုန်လိုင်စင် (၅၆၈) စောင်၊ တန်ချိန် (၉၂၁၀၉၉) ခွင့်ပြုထုတ်ပေးခဲ့ပြီး ယခုအခါ တင်သွင်းထားသည့် Re-export သကြားအားလုံးအား စာရင်းရှင်းလင်းပြီးဖြစ်ပါ၍ ပြည်တွင်း၌ လက်ကျန်မရှိတော့ပါ။ ထပ်မံ၍လည်း Re-export သကြားများအား ခွင့်ပြုထားခြင်းမရှိပါ။

၂။     သို့ရာတွင် ပြည်တွင်းသကြားစက်များ၏ ထုတ်လုပ်မှုအရည်အသွေးမပြည့်မီခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားမှုကြောင့် စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ပြည်တွင်းရှိ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ (အချိုရည်၊ ကော်ဖီမစ်၊ တီးမစ်၊ နို့ဆီ) အတွက် Refined Sugar လိုအပ်ချက်အရ ၂၀၁၉ ခုနှစ်၊ မတ်လမှစ၍ ကုမ္ပဏီ (၁၀) ခု၊ လုပ်ငန်း (၁၁) ခုကိုသာ လစဉ် Refined Sugar စုစုပေါင်းပျမ်းမျှ (၁၁၅၇၅) တန်ခန့်ကိုသာ စိစစ်၍ တင်သွင်းခွင့်ပြုလျက်ရှိပါသည်။

၃။     ထို့ပြင် ပြည်ပမှ ထုတ်လုပ်သောသကြားများ ပြည်တွင်းသို့ တရားမဝင် မှောင်ခို ဝင်ရောက်နေခြင်းကြောင့် ပြည်တွင်းရှိသကြား ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများ၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာမှုမရှိစေရေးအတွက် မြဝတီနယ်စပ်မှ တရားမဝင် သကြားများ ဝင်ရောက်နေမှုကိုလည်း ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းအကြောင်းကြားဆောင်ရွက်လျက်ရှိပါသည်။

 

                                                                                                                                                                                   ကုန်သွယ်ရေးဦးစီးဌာန