(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၁)ခုစာရင်း
၂၀၁၂ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်၂၀၁၅ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ(၃၈)ခုတွင်မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရဟုပြဌာန်းထားရှိပါသည်။ ယင်းဥပဒေပြဌာန်းချက်အရပြည်ပသို့ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်ပို့ကုန်ရငွေအားလုံးကိုပို့ကုန်များသင်္ဘာတင်သည့်နေ့မှ(၆)လအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ ဘဏ်ငွေစာရင်းအသီးသီးသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်တာဝန်ရှိပါသည်။၂၀၁၇ခုနှစ်အတွင်းပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီများအနက်ပမာဏအများဆုံးကျန်ရှိသောကုမ္ပဏီ(၄၀)ခုရှိကြောင်းဗဟိုဘဏ်မှအကြောင်းကြားလာရာပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန်၂၀၁၉ခုနစ်ဇွန်လ(၆)ရက်နေ့မှစ၍ဝန်ကြီးဌာနwebsiteမှတဆင့်အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။ယခုအခါမြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ(၂.၉.၂၀၁၉)ရက်စွဲပါစာဖြင့်ကုမ္ပဏီ(၂)ခုတို့မှပို့ကုန်ရငွေများအပြည့်အဝပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းအကြောင်းကြားလာပါသဖြင့်ယခင်ကုမ္ပဏီ(၃)ခုအစား ကုမ္ပဏီ(၁)ခုစာရင်းအား သိရှိနိုင်ပါရန်အကြောင်းကြားအပ်ပါသည်။
(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၁)ခုစာရင်း | ||||
စဉ် | ကုမ္ပဏီအမည် | မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် | ပသကအမှတ် | မှတ်ချက် |
1 | Green Land Agriculture Co-Operative Society Ltd. | U Soe Yin | 25250 |