မဲခေါင် - ဂျပန်ချစ်ကြည်ရေးနှစ်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် ပေးနိုင်ပါရန် ဖိတ်ကြားခြင်း
၂၀၁၉ ခုနှစ်သည် Mekong – Japan Exchange Year 2019 (မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ်) ဖြစ်သည်နှင့်အညီ မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများဖလှယ် သည့်အနေဖြင့်၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ အဆိုပါနိုင်ငံများတွင် ချစ်ကြည်ရေးအထိမ်း အမှတ်ပွဲများကို ကျင်းပလျှက် ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် မဲခေါင်ဒေသကို အခြေခံသောရုပ်ရှင်ရိုက်ကူးခြင်း၊ မဲခေါင်ဒေသစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာထွန်းသစ်စလူငယ်လုပ်ငန်းရှင်များ၏ အောင်မြင်သော စီမံကိန်းများတင်ပြခြင်းနှင့် မဲခေါင်အလှပန်းချီပြပွဲ/ ပြိုင်ပွဲကျင်းပခြင်းစသည့်အစီအစဉ် (၃) ခုကိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါ အစီအစဉ် ၃ ခု အနက် “မဲခေါင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သောထွန်းသစ်စလူငယ်လုပ်ငန်းရှင်များ၏ စီမံကိန်းများ တင်ပြဆွေးနွေးခြင်း” အစီအစဉ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်မြို့ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်ပေးနိုင်ပါရန်နှင့် မတက်ရောက်မီ- ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ရက်နေ့ မတိုင်မီတွင် http://mekong-japan.mikecrm.