Thursday Talk ဆွေးနွေးပွဲ ကျင်းပ

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးထိုက်က “တတိယအကြိမ် အစိုးရအဖွဲ့အစည်းများအကြား စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့် မူဝါဒဆိုင်ရာကျွမ်းကျင် ပညာရှင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါထွန်းက “2018 Seminar on Inspection and Quarantine Technology in Ruili National Key Development and Opening Experimental Zone for Myanmar” ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားပြီး လက်ထောက်အတွင်းဝန် ဦးမင်းဇော်က   နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်းသတင်းရရှိသည်