“Corruption Prevention Unit(CPU)” ခေါင်းစဉ်ဖြင့်ဆွေးနွေး

၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးက “Corruption Prevention Unit(CPU)” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောဝန်ထမ်းများက ဖြည့် စွက်ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်