ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ NDRC နှင့် Department of Foreign Capital and Overseas Investment မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zheng Chiping ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Development and Reform Commission (NDRC), Department of Foreign Capital and Overseas Investment မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zheng Chiping နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ