“စားသုံးသူ အကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ” နှင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စားသုံးသူကာကွယ်ရေးဥပဒေအသစ်ဆိုင်ရာ တင်ပြချက်”

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်းကျင်းပပြုလုပ်သည့် Thurs-day Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆွေတင့်ကြူးမှ “စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခေတ္တညွှန်ကြားရေးမှူး၊ ဦးရဲထွဋ်နိုင်မှ “ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအသစ်ဆိုင်ရာတင်ပြချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် တို့မှ ဖြည့်စွက် ဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။